သတင်းများ

သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Oct 03,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့တော်ခန်းမ စုရပ်နေရာတွင် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လည်း ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့တွင် အသက်(၁၈)နှစ် အထက်ပြည်သူ(၃၀၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်(၂)ရက်မြောက် ဆက်လက် ထိုးနှံပေး
Oct 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် (၂)ရက် မြောက် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီက   နမ့်ပိန်ရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်  လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ  အခမဲ့ စစ်ဆေး ဆောင်ရွက်
Oct 03,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့သူကြီး ခွခုံပြင်(မူလွန်ကျောင်း)ရှေ့ အနီး လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့ နံနက် ၈ နာရီ အချိန်က  သတ်မှတ် စုရပ်နေရာတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေး
Oct 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့ချနိုင်ရန် မြိတ်မြို့နယ် ပပြင်ကျေးရွာ၌ ရောဂါပိုး ရှိမရှိ စစ်ဆေးပေးလျက်ရှိ 
Oct 03,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်လာ နိုင်မှုများကို လျှော့ချနိုင်ရန် မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်)မှဦးဆောင်၍ ပပြင်ကျေးရွာအုပ်စုရှိ ကျေးလက်နေ ပြည်သူများအား ကိုဗစ်ရောဂါပိုး ရှိမရှိ ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိသည်။ 
မေတ္တာမြို့၊ ဖောင်းတောကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်
Oct 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများ ပြုလုပ်ပေးရန် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဖောင်းတောကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်းခန်းမ၌ အခြေပြု၍ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးမည်
Oct 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပြည်သူ့ဆေးရုံတွင်    အသက်(၂)လအရွယ်မှ (၁)နှစ်ခွဲအရွယ် အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို အောက်တိုဘာ ၄ ရက်နေ့မှ ၆ ရက်နေ့ အထိ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အတွင်း (၁)ရက်လျှင် ကလေးငယ်ပေါင်း ၁၅၀ ကို  ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနေ့ချင်းပြီး ဆောင်ရွက်ပေး
Oct 03,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့်မိသားစုဝင်များအား ယနေ့ နံနက်(၉)နာရီ ၃၀ မိနစ်မှ စင်၍ မြို့နယ်ဦးစီးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်များ၊ နေ့ချင်းပြီးအခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။