ဟိုပုံး အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူ (၁၉၈၁၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၁၀) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၂၂) ကျောင်း၊ ဆီဆိုင်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၁၇) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂၉) ကျောင်း၊ ပင်လောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၂) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၅၂)ကျောင်း စုစုပေါင်း အခြေခံပညာ အထက်တန်းကျောင်း (၄၉) ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(၁၀၃)ကျောင်းရှိပြီး အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား/သူ စုစုပေါင်း(၃၁၃၈)ဦးနှင့် အခြေခံပညာ အလယ်တန်း ကျောင်း ကျောင်းသား/သူ များမှ အသက် (၁၂)နှစ်နှင့်အထက် ပြည့်ပြီး သတ်မှတ်ချက် ကိုက်ညီသူ (၁၅၉၁၇)ဦး၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းသား/သူ(၇၆၃)ဦး၊ ကျောင်းသား/သူ စုစုပေါင်း(၁၉၈၁၈)ဦးအား ဆေးထိုးစုရပ်များ အဖြစ် အခြေခံပညာကျောင်းဆေးထိုးစုရပ်များတွင် ထိုးနှံပေး မည်ဖြစ်ပြီး ဟိုပုံးမြို့နယ်တွင် (၇)နောရာ၊ ဆီဆိုင်မြို့နယ်တွင်(၁၄)နေရာ၊ ပင်လောင်းမြို့နယ်တွင် (၅)နေရာ၊ စုစုပေါင်း(၂၆)နေရာတို့တွင် ဆေးထိုးအဖွဲ့(၂၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပအိုဝ်းကိုယ်ပိုင်အပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဟိုပုံး ခရိုင် (ပြန်/ဆက်)