ပိုင်ကျုံမြို့တွင် တတိယအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိ

ပိုင်ကျုံ   အောက်တိုဘာ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သံဃာတော်များ၊  အသက်(၁၈)နှစ်အထက်ဒေသခံ ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊   နိုင်ငံဝန်ထမ်းများအားတတိယအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်၌    ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင်  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

တတိယအသုတ်(ပထမ)အကြိမ်တွင်    လူဦးရေ(၂၅၀၀)ဦးထိုးပေးမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းကို အောက်တိုဘာလ(၁၀)ရက်နေ့မှ အောက်တိုဘာလ(၁၂)ရက်နေ့အထိ ကာကွယ် ဆေးလာရောက် ထိုးနှံသူ(၂၁၇၀)ဦးထိုးနှံပေးနိုင်ခဲ့ပြီး ကာကယ်ဆေးထိုးနှံရန်ကျန်ရှိသေးသည့် မိဘပြည်သူများအား ယနေ့နံနက်ပိုင်းတွင်လူဦးရေ(၃၃၀) ဦး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင်  ပိုင်ကျုံမြို့ ကျေးလက်ကျန်းမားရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများကကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ  ဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ဝန်ထမ်း များက ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေ လွယ်ကူစေရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

             

ပိုင်ကျုံ (ပြန်/ဆက်)