မန်တုံ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ရောဂါပိုးတွေ့ရှိသူနှင့် ဆက်စပ်မှုရှိသည့် သံသယရှိသူ(၅)ဦးနှင့် ယခင် Positive Center တွင် ထားရှိသော(၁၅)ဦးတို့အားကျန်းမာရေးဌာနတာဝန်ရှိသူများမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက် (၂၅) နှစ်အရွယ် အမျိုးသား (၁) ဦး၊ အသက် (၂၄) နှစ်အရွယ် အမျိုးသမီး (၁) ဦးနှင့် အသက် (၂) နှစ်အရွယ် ကလေးငယ် (၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရကြောင်း သိရသည်။
ယင်း ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာ (၃) ဦးမှာ ပိုးတွေ့လူနာနှင့် ဆက်စပ်မှုရှိသူ (၅) ဦး အနက်မှဖြစ်ပြီး Positive Center သီးသန့်တို့ချဲ့ဆောင်တွင်ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူများကိုလည်း Home Quarantine ထားရှိပြီး ဆေးစစ်ခြင်းများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
မန်တုံမြို့တွင် (၁၃-၁၀-၂၀၂၁) ရက်နေ့ထိ ပိုးတွေ့ရှိသူ (၁၀၁)ဦး၊ ကုသရေးစင်တာမှ ဆင်းခွင့်ရရှိသူ (၅၇) ဦး၊ ဆေးကုသမှုခံယူနေသူ (၄၄ဦး) Quarantine ထားရှိသူ (၄၅၉)၊ Quarantine ထွက်သူ(၄၁၅)၊ Quarantine Centre ထားရှိသူ (၄၄) ဦးနှင့် သေးဆုံးသူ မရှိကြောင်း သိရသည်။
မန်တုံ ပြန်/ဆက်