ဘောဂလိမြို့တွင် တစ်ပိုင်တစ်နိုင် ဒူးရင်းယိုထိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

       ဘောဂလိ  အောက်တိုဘာ    ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်   တစ်ပိုင်တစ်နိုင်   ဒူးရင်းယိုထိုးခြင်းဖြင့်   မိသားစု   အပိုဝင်ငွေရရှိ၍   အဆင်ပြေလျက်ရှိကြောင်း  သိရှိရသည်။

ဘောဂလိမြို့တွင်  ဒေသထွက်သီးနှံများအနက်    ဒူးရင်းသီးသည်   တစ်ခုအပါအဝင်ဖြစ်၍    ယခုအချိန်တွင်  ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေချိန်  ဖြစ်သောကြောင့်   ဒူးရင်းသီး များဝယ်လိုအား   ကျဆင်းလာကြောင်း  သိရှိရသည်။  သို့ရာတွင်   ဒေသခံများအနေဖြင့်   ဒူးရင်းသီးများအား  တစ်ပိုင်တစ်နိုင်   ဒူးရင်းယိုထိုး၍   ရောင်းချခြင်းကြောင့်   မိသားစု အပိုဝင်ငွေရရှိ၍    အဆင်ပြေ လျက်ရှိရာ    ဒူးရင်းယိုတစ်ပိဿာလျှင်   ကျပ်တစ်သောင်းခွဲခန့်ရှိပြီး   ဗူးများတွင်ထည့်၍   အရွယ်အစားအလိုက်    ဗူးသေးလျှင်  ၃၅၀၀ကျပ်၊ ဗူးကြီးလျှင်  ၇၅၀၀ကျပ်  စသည်ဖြင့်  အမျိုးမျိုးရောင်းချပေးလျက်ရှိကြောင်း   ဒေသခံတစ်ဦးထံမှ  သိရသည်။

မြို့နယ်(ပြန်/ဆက်)