လှိုင်းဘွဲ အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့မှ စတင်ကာ အသက်(၄၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင် သော ရောဂါရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ရာယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းနှင့်တာဝန် ရှိသူများက လှိုင်းဘွဲမြို့အောင်ဆန်းခန်းမတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံ မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များကို တာဝန်ရှိသူများတို့အားမှာကြားခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စောငြိမ်းထွန်းမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ၊ ရွှေဂွန်းတိုက် နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ် ဆေးရုံနှင့် ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံ စုရပ်(၄)ခုတွင် အောက်တိုဘာလ (၁၀)ရက် ယမန်နေ့အထိ စုစုပေါင်း (၅၅၉၅)ဦး ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)