မြောင်းမြ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ မြောင်းမြတံတား၏ ပေ(၃၀၀)အတွင်း ပါဝင်သွားသော သိမ်းဆည်းခံမြေများ၏ မူလတောင်သူများသို့ မြေယာလျော်ကြေးသိန်းပေါင်း (၂၈၀၀)ကျော် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းဌေးက လယ်ယာမြေများ လျော်ကြေးပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၄င်းနောက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌက တောင်သူဒေါ်သန်းသန်းအေးအား (၃.၆၃) ဧက အတွက် သိန်း(၉၀၇၅၀၀၀၀)၊ ဒေါ်စန်းအေးအား(၁.၃၄၊၀.၉၄၊၀.၂၃) ဧက အတွက် သိန်း (၅၀၂၀၀၀၀၀)၊ ဦးလှမျိုးကျော်အား (၁.၄၅)ဧက အတွက် သိန်း(၂၉၀၀၀၀၀၀)အား လည်းကောင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး မောင်မောင်ငြိမ်းက တောင်သူ ဒေါ်တင်တင်အေးနှင့် ဒေါ်ချိုပြုံးတို့အား (၄.၃၅) ဧက အတွက် သိန်း(၈၇၀၀၀၀၀၀)၊ ဦးမြင့်သိန်းအား (၀.၂၈)ဧက အတွက် သိန်း(၁၀၆၄၈၀၀၀)အား လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုရဲမှူးကြီး မောင်မောင်စိုးက တောင်သူဦးကြည်စိုး၏ (သွပ်မိုး၊ ထရံ၊ ကျောက်ပြားကာ၊ ပျဉ်ခင်း၊ သစ်တိုင်) အိမ်တစ်လုံးအတွက် သိန်း(၂၅၂၀၀၀၀)၊ ဦးသန်းဝင်းအား (၀.၁၂)ဧကအတွက် သိန်း(၂၄၀၀၀၀၀) အားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဆရာကြီး ဦးဝင်းစိန်က တောင်သူဒေါ်ခင်ဆွေဦးအား (၀.၂၄)ဧက အတွက် သိန်း(၄၈၀၀၀၀၀)၊ ဒေါ်အေးသိန်းအား (၀.၁၉)ဧက အတွက်သိန်း (၃၈၀၀၀၀၀) အားလည်းကောင်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက တောင်သူ ဦးဇော်ထွန်းအား (၀.၀၄)ဧက အတွက် (၈၀၀၀၀၀) သိန်းအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ရာ တောင်သူဒေါ်ချိုပြုံး ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်းသိရသည်။
စန္ဒာကြည် (ခရိုင်ပြန်/ဆက်)