မြစ်ကြီးနား အောက်တိုဘာ ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တည်ဆောက်သွားမည့် ဧရာဝတီ မြစ်ကူး တံတားအမှတ်(၂)တံတားဧရိယာအတွင်း တံတားအူကြောင်းနှင့်မလွတ်ကင်းသည့် မြေယာ/ သီးနှံ/ အဆောက်အုံပိုင်ရှင်များအား ဒုတိယအရစ်အဖြစ် လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြု လုပ်သည်။
လျော်ကြေးငွေများပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုး ရေးအတွက် အဓိကကျသည့် ဧရာဝတီမြစ်ကူးတံတား အမှတ်(၂) စီမံကိန်းဧရိယာအတွင်း တံတား အူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာပိုင်ရှင်များအတွက် လျော်ကြေးငွေကို ပထမအရစ် အဖြစ် ပေးအပ်ခဲ့ပြီး ယနေ့ ကျန်ရှိသည့် ဒုတိယအရစ်အဖြစ် လျော်ကြေးငွေ အပြီးသတ် ပေးအပ်သွား မည်ဖြစ်ကြောင်း၊ တံတားအသစ်စီမံကိန်းအတွက် ယခုလိုပူးပေါင်းပါဝင်မှုကို မိမိတို့အနေဖြင့် မှတ် တမ်းတင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က တံတားစီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် မြေဧရိယာစုစုပေါင်း (၀.၆၈၁)ဧက အပါအဝင် အဆောက်အဦများ၊ ရေ တွင်းနှင့်သီးနှံလျော်ကြေးများအဖြစ် စုစုပေါင်းလျော်ကြေးငွေကျပ်(၅၆၉၅၇၅၀၀၀)အနက် ငွေကျပ် (၂၈၃၇၈၈၀၀၀)ကို ပထမအရစ်အဖြစ် ပေးအပ်ခဲ့ပြီးဖြစ်ရာ ဒုတိယအရစ်အဖြစ် ကျန်ရှိသည့် လျော် ကြေးငွေကျပ်စုစုပေါင်း (၂၈၃၇၈၈၀၀၀)ကို မြေယာပိုင်ရှင် (၈)ဦးတို့အား တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု တန်ဖိုးအတိုင်းပေးအပ်ခဲ့ရာ မြေယာပိုင်ရှင်များမှ ပိုင်ဆိုင်စာချုပ် စာတမ်းများကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ ဧရာဝတီမြစ်ကူးတံတားအမှတ်(၂)စီမံကိန်း ကို ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် နယ်စပ်ကုန်စည်ဆင်းမှု အဆက်မပြတ်ဆောင်ရွက်နိုင် ရေးအတွက် မဖြစ်မနေတည်ဆောက်ရန် လိုအပ်သည့်အတွက် လက်ရှိအသုံးပြုနေသည့် ဗလမင်း ထင်တံတား၏ အောက်ဖက်မီတာ (၄၀)အကွာတွင် တည်ဆောက်နိုင်ရေး ကွင်းဆင်း စိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ရာ စီမံကိန်းနေရာနှင့် မလွတ်ကင်းသည့် မြေယာပိုင်ရှင် (၈)ဦးတို့အား ပထ မအရစ်နှင့် ဒုတိယအရစ်အဖြစ် လျော်ကြေးငွေ အပြီးသတ်ပေး အပ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် တံတား သစ်သည် တံတားအရှည် (၃၂၁၂)ပေ(၉၇၉ မီတာ)ရှည်ပြီး ယာဉ်သွား လမ်းအကျယ် (၂၄)ပေနှင့် လူ သွားလမ်း တစ်ဖက် (၃)ပေစီပါရှိကာ သံကူကွန်ကရစ် ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက် )