ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး တွေ့ဆုံမေးမြန်းခြင်း

ကျောင်းနေအရွယ်ကလေးတိုင်း        ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ဆောင်ရွက်လျက်ရှိရာ သပိတ်ကျင်းမြို့နယ် အတွင်းရှိ အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင် ရေး ဆောင်ရွက် ထားရှိမှုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်းအား ဖော်ပြပေးလိုက်ပါတယ်။

မေး။        သပိတ်ကျင်းမြို့နယ်အတွင်း အသက် (၁၂)နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ် တုန့်ပြန်မှုကော်မတီမှ ဆောင်ရွက်ထားရှိမှုအခြေအနေကို သိပါရစေ

ဖြေ။         ကျွန်တော်တို့ သပိတ်ကျင်းမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေး ကော်မတီအနေနဲ့ အသက်(၁၂)နှစ်အထက်နှင့် အသက်(၁၈)နှစ်အောက် အလယ် တန်းနဲ့ အထက်တန်းကျောင်းသား/သူတွေ ကာကွယ်ဆေးထိုးနှံနိုင်ရေးနဲ့ ပတ်သက်ပြီး တော့ ကျွန်တော်တို့အနေနဲ့ အရင်ဆုံးစုဖွဲ့မှုတွေလုပ်ရတယ် မြို့နယ်ကြီးကြပ်မှုကော်မတီ ကျွန်တော်တို့ အရင်ဆုံး စုဖွဲ့ပါတယ်။ ပြီးလို့ရှိရင် ဆေးထိုးမဲ့အစုအဖွဲ့ (၆)ဖွဲ့ကိုလည်း ကျွန်တော်တို့ စုဖွဲ့ထားရှိပြီးဖြစ်ပါတယ်။ စုဖွဲ့ထားရှိတဲ့ အဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ ကျောင်းသား/သူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးနဲ့ပတ်သက်ပြီးတော့ နှစ်ကြိမ် တိုင်တိုင် တွေ့ဆုံပြီးတော့ အစည်းအဝေးတွေတို့ပြုလုပ်ဆောင် ရွက်ခဲ့ပါတယ်။

မေး။        ကျောင်းသား/သူများကို စာရင်းကောက်ယူမှုအပိုင်းနဲ့ ကျောင်းသား/သူ ဦးရေ သိပါရစေ

ဖြေ။         ကျွန်တော်တို့ ကျောင်းသား/သူ ဦးရေနဲ့ပတ်သက်ပြီးတော့ ပထမအကြိမ် ကျောင်းဖွင့် တုန်းက ကျောင်းအပ်နှံတဲ့အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ လျာထားဆောင်ရွက်ခဲ့ ပါတယ်။ ကျောင်းအပ်နှံတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့  အထက်တန်းနဲ့ အလယ်တန်း ကျောင်းသား/သူစာရင်းကို သက်ဆိုင်ရာပညာရေးဌာနကနေတဆင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ လက်ရှိစာရင်းပြုစု ကောက်ယူထားပြီးဖြစ်ပါတယ်။

မေး။        ကျောင်းသား/သူများအား ထိုးပေးမည့် ကိုဗစ် ကာကွယ်ဆေးအမျိုးအစားကို သိပါရစေ

ဖြေ။         ကျောင်းသား/သူတွေကို ထိုးပေးမဲ့ဒီကိုဗစ်ကာကွယ်ဆေးအမျိုးအစားကတော့ Sinopharm ဖြစ်ပါတယ်။ သူကတော့ ဆေးတစ်ပုလင်းကို လူနှစ်ယောက်ထိုးရတာပေါ့ နော် Sinopharm အမျိုးအစား ဖြစ်ပါတယ်။

မေး။        အသက် (၁၂)နှစ်အထက် ကျောင်းသား/သူများကို ဆေးထိုးစုရပ်နေရာတွေ စီစဉ်ထားရှိမ ကို သိပါရစေ။

ဖြေ။         ကျွန်တော်တို့ဆေးထိုး စုရပ်အနေနဲ့ ဆေးထိုးစုရပ် အဖွဲ့(၁)ကို ကျွန်တော်တို့ သပိတ်ကျင်း အထကမှာ စုရပ်ထားပါတယ်။ ဆေးထိုးစုရပ် (၂)အနေနဲ့ကတော့ ဇရပ်ကွင်း အထကမှာ ထားပါတယ်။ ဆေးထိုးစုရပ် (၃)အနေနဲ့ ချောင်းကြီး အထကမှာ ထားပါတယ်။ ဆေးထိုး စုရပ် (၄)အနေနဲ့ ကျွန်တော်တို့ တွင်းငယ်မှာ စုရပ်ထားပါတယ်။ ဆေးထိုးစုရပ်(၅)အနေနဲ့ ကြာညှပ် အထကမှာ ထားပြီးတော့ ဆေးထိုးစုရပ် (၆) အနေနဲ့ တကောင်း အထကမှာ စုရပ်ထားရှိပြီးတော့ ကျွန်တော် တို့ ဆောင်ရွက်လျက်ရှိပါတယ်။

 

မေး။        ဆေးထိုးစုရပ်တွေမှာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာခဲ့ရင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားမှုကို သိပါရစေ

ဖြေ။         ကျွန်တော်တို့ ဆေးထိုးစုရပ်တွေမှာ ကာကွယ်ဆေးထိုးတဲ့အချိန် ဒီအရေးပေါ်ဖြစ်လာ ခဲ့မယ်ဆိုရင် ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဆေးထိုးစုရပ်တွေမှာ အရေးပေါ်သူနာပြုယာဉ်ကား တစ်စီး ကျွန်တော်တို့ထားရှိပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး တော့ သပိတ်ကျင်းမြို့နယ်ဆေးရုံ၊ ကြာညှပ်တိုက် နယ်ဆေးရုံ၊ တကောင်းတိုက်နယ် ဆေးရုံ အဲဒီဆေးရုံတွေမှာလည်း အကယ်၍ အရေးပေါ်ဖြစ်လာခဲ့ရင် ကုသနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိပြီးလည်း ဖြစ်ပါတယ်။

မေး။        အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို သိပါရစေ

ဖြေ။  ကျွန်တော်တို့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျွန်တော်တို့ပညာပေးအနေနဲ့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ ကနေတဆင့် သက်ဆိုင်ရာ ကျောင်းသား/သူမိဘများအားခေါ်ယူပြီးတော့ ဒီကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရခြင်း အကျိုးအပြစ်တွေ အားလုံး ကို ကျောင်းအုပ်ကြီးတွေကနေ တဆင့် ကျောင်းသား/သူ မိဘတွေိ သိရှိနားလည်အောင်ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးလို့ရှိရင်လည်း ကျွန်တော်တို့ သက်ဆိုင်ရာစုရပ်တွေမှာ ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီးတော့ ဗီနိုင်းတွေလည်း ထားရှိပြီး ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။

မေး။        အသက် (၁၂)နှစ်အထက် ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးနှံပေးမဲ့ နေ့ရက်ကို သိပါရစေ

ဖြေ။         ကျွန်တော်တို့ အသက်(၁၂)နှစ်အထက်ပေါ့နော် အထက်တန်းနဲ့အလယ်တန်း ကျောင်းသား/သူတွေကို ကျွန်တော်တို့ ၁၄-၁၀-၂၀၂၁ ရက်နေ့ကနေ စတင်ပြီးတော့ ကျွန်တော်တို့ စုရပ် (၆)ခုမှာ တပြိုင်နက်တည်း  ထိုးပေးသွားမှာ ဖြစ်ပါတယ်။

မေး။        အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးပေးမယ့်အပေါ် မိဘတချို့က စိုးရိမ်စိတ်အနည်းငယ် ရှိပါတယ်။ မိဘတွေကို ဆရာအနေနဲ့ ဘာများ ပြောချင်ပါသလဲ ခင်ဗျာ

ဖြေ။         ကိုဗစ်-၁၉ကာကွယ်ဆေးတွေကို ကျွန်တော်တို့ face 1 face 2ဆိုပြီး သပိတ်ကျင်းမြို့နယ်မှာ ကာကွယ်ဆေးထိုး ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့တဲ့နေရာမှာလည်း ဘေးထွက် ဆိုးကျိုး တစ်ခါမှ ဖြစ်ပေါ်လာခြင်းလည်း မရှိဘူး၊ ပြီးလို့ရှိရင် ကိုဗစ်ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် တကယ်ကာကွယ် နိုင်မယ်ဆိုတာကိုလည်း ကျောင်းသား/သူ မိဘတွေကို ရှင်းလင်းတင်ပြလို ပါတယ်။ ကျွန်တော်တို့ အခုသပိတ်ကျင်းမြို့နယ်မှာ ကိုဗစ်ကာကွယ်ဆေး ၂၀၀၀၀ နီးပါး ထိုးခဲ့ပြီးတဲ့အချိန်မှာ ကိုဗစ်၁၉ ကာကွယ်ဆေး ကြောင့် ဘေးထွက်ဆိုးကျိုး အနည်းငယ်တောင် မရှိပါဘူး။ အဲဒါတွေကိုလည်း ကျောင်းသား/သူမိဘတွေကို သိစေချင်ပါတယ်။ ကျောင်းသား/သူ မိဘတွေအနေနဲ့လည်း ဒီဆေးကို ဆေးထိုးသင့်/မသင့် အကြောင်းအရာတွေကိုလည်း ကျွန်တော်တို့က ဆေးလာ ထိုးပြီဆိုရင် အသိပေးပြီးတော့ ဆေးထိုးသင့်တဲ့လူကိုမှ ကျွန်တော်တို့ ဆေးထိုးပေး သွားမှာ ဖြစ်ပါတယ်။

 

မေး။   ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြားလိုတာများရှိရင်လည်း ပြောကြားပေးစေချင်ပါတယ်

ဖြေ။       ကျွန်တော်တို့ သပိတ်ကျင်းမြို့နယ်အနေနဲ့ ကိုဗစ် တတိယလှိုင်းမှာ ကူးစက်တဲ့လူဦးရေ များပြားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ သေဆုံးတဲ့ဦးရေမှာ အတော်လျော့နည်းခဲ့တာကို ကျွန်တော်တို့ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်အနေနဲ့  တစ်မြို့နယ် လုံးလွှမ်းခြုံနိုင်အောင် ကိုဗစ်ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းကို အင်တိုက်အားတိုက် ဆက်လက်ပြီးတော့ ထိုးနှံ ပေးသွားမှာဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။

ထွန်းထွန်းနိုင်