အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း ဆိုင်ရာများ အသိပေးဆောင်ရွက်

ဘုတ်ပြင်း   အောက်တိုဘာလ    ၁၃

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်(၁၂)မှ(၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် အသိပေးကြညာ ချက်များကို ယနေ့နံနက်က မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်တွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများအနေဖြင့် အထက်တန်း၊ အလယ်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံ ထားရှိပြီးသူများ၊ ဆေးလာရောက်ထိုးနှံရာတွင် မိဘအုပ်ထိန်းသူ များ လိုက်ပါရန်၊ ကျောင်းသားကျောင်းသူများအနေဖြင့် မှတ်ပုံတင်ရှိပါက ယူဆောင်လာရမည်၊ မွေးသက္ကရာဇ် အမှန်ဖော်ပြနိုင်ရေး အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှ ထောက်ခံချက် များနှင့်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များအား တစ်ပါတည်း ယူဆောင်၍ ဆေးထိုးနှံရမည် ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အတွင်း အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူများအား ဆေးထိုးခြင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဆေးထိုး အဖွဲ့(၄)ဖွဲ့ဖြင့် သက်ဆိုင်ရာ ဆေးထိုးစုရပ် (၂၂) ခုတွင် ပထမအကြိမ်ဆေးထိုးနှံခြင်းကို အောက်တို ဘာလ ဒုတိယပတ်မှ နိုဝင်ဘာလပထမပတ် အတွင်းနှင့် ဒုတိယအကြိမ် ဆေးထိုးနှံခြင်းကို နိုဝင်ဘာလ ဒုတိယပတ်မှ ဒီဇင်ဘာလ ပထမပတ်အတွင်း ဆေးထိုးနှံခြင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာ်မတီမှ သိရှိရသည်။

မြို့နယ်( ပြန်/ဆက်)