ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်း အပတ်စဉ်ဆောင်ရွက်

ခမောက်ကြီး အောက်တိုဘာ ၁၃

တနင်္သာရီတိုင်းဒေသေကြီး၊ ကော့သောင်းခရိုင်၊ ခေမာက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရောဂါကြိုတင်ကာကွယ်ရေးများကို အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို ခမောက်ကြီးမြို့မြို့ အမှတ်(၁)ရပ်ကွက်နှင့် လူအသွားအလာများသည့် နေရာများ၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်တားဆီးရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှု အတိုင်း အပြင်ထွက်သွားလာပါက နှာခေါင်းစည်း (Mask) ကို တပ်ဆင်ကြရန်၊ နှာခေါင်းစည်း (Mask) တပ်ဆင်မထားသူများနှင့်   တွေ့ဆုံစကား ပြောဆိုခြင်း ရှောင်ကြဉ်ကြပါ၊ လက်ကို မကြာခဏဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြော ပေးကြပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ကြိမ်ရေ ပြီးစီးအောင ်ထိုးနှံထားကြရန်၊ ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှု ခံယူရန်နှင့်  ကိုဗစ်-၁၉ ရောဂါ   ကြိုတင်ကာကွယ်တားဆီးနိုင်ရေး    ပြည်သူအားလုံး လိုက်နာဆောင်ရွက်ရေး တို့ကို အသိပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပေး နှိုးဆော်ခြင်း ကို အပတ်စဉ် တဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့တွင် တိုက်တွန်း နှိုးဆော်ပေး နေကြောင်း သိရ သည်။

ရူပါမြင့် (ခမောက်ကြီး)