တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်း/ခရိုင် အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ကော့သောင်း၊ အောက်တိုဘာ ၁၄

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် ဌာနဆိုင်ရာများနှင့် ယမန်နေ့ နံနက်(၁၁)နာရီ က ကော့သောင်း ခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဘုရင့်နောင်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။

 

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းအတွင်းရှိ အစွန်အဖျား ဒေသတစ်ခုဖြစ်သည့် ကော့သောင်း ဒေသအတွင်း လမ်းပန်းဆက်သွယ်သွားလာမှုအခြေအနေ များ ကိုသိရှိနိုင်ရန်လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဒေသအတွင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုအား သက်ဆိုင်ရာဌာနများအနေဖြင့်ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြစေလိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် အောက်ဆီဂျင်ထုတ်လုပ်မှု အတိုင်းအတာတစ်ခုအထိ လုံလောက်နေပြီး ဖြစ်ကြောင်း၊ ကိုဗစ်၁၉ ရောဂါ စတုတ္ထလှိုင်း မဖြစ်ပေါ်သေးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကိုဆက်လက် လုပ်ဆောင် စေလိုကြောင်း၊ ကိုဗစ် ၁၉ စတုတ္ထလှိုင်းမဖြစ်ပွားမီအချိန်တွင်Quarantine  Center ၊ရောဂါကာကွယ်ကုသရေး လုပ်ငန်းသုံး ပစ္စည်းများ ကိုဌာနဆိုင်ရာတာဝန်ရှိသူများ က စနစ်တကျပြင်ဆင် ထိန်းသိမ်းထားရန် လိုကြောင်း ကျောင်းနေအရွယ် အသက် ၁၂ နှစ်အထက်ကလေးများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်ရန်တက်ရောက်လာသူများ အနေဖြင့် တက်ညီလက်ညီ ပူးပေါင်းကူညီ လုပ်ဆောင်ပေး ရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားသည်။

 

ယင်းနောက်ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ဒေသအတွင်းဖံွဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်း လင်း တင်ပြရာ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးကဖြည့်စွက်ဆွေးနွေးပြီး ဝန်ကြီး ချုပ်ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)