ပွင့်ဖြူမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး အတွက် သတ်မှတ်ဆေးထိုးစုရပ် နေရာများအား ကွင်းဆင်းကြည့်ရှု

ပွင့်ဖြူ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရေး အတွက် ကာကွယ်ဆေးထိုးနှံရန် စီစဉ်ဆောင်ရွက်ထားရှိသော ဆေးထိုးစုရပ် ကျောင်းများအား ယမန်နေ့ မွန်းလွဲ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများ က ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ(..က) ဆေးထိုးစုရပ်နှင့် လယ်ကိုင်းကျေးရွာ (..က) ဆေးထိုးစုရပ်သို့ သွားရောက်ကာ တာဝန်ခံ ကျောင်းအုပ်ဆရာ၊ ဆရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍  မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း အစီအစဉ်များနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည့် ကိစ္စများအား ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် တာဝန်ခံကျောင်းအုပ် ဆရာ၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်မိရပ်ဖများက မိမိတို့နယ်မြေအလိုက် ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား ဦးရေစာရင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပွင့်ဖြူမြို့(..က) ရှောက်တောကျေးရွာ (..က) ကုန်းဇောင်းကျေးရွာ( ..က) ကျောင်းတော်ရာ ကျေးရွာ(..က) မဲဇလီကျေးရွာ(..က) လယ်ကိုင်းကျေးရွာ(..က) ထနောင်းကုန်း ကျေးရွာ(..က)၊ စုစုပေါင်း ဆေးထိုးစုရပ်()နေရာခွဲ၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် တစ်မြို့နယ်လုံး အနေဖြင့် ကာကွယ်ဆေးထိုးနှံရမည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဦးရေ ၅၀၀၀ ကျော်ခန့်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)