သတင်းများ

ထန်းတပင်မြို့နယ်၌ ဒေသခံတောင်သူများအား လယ်ယာသုံးစက်ကိရိယာပစ္စည်းများကို စျေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရေး အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးနေ
Oct 01,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မိုးစပါးထွန်ယက် စိုက်ပျိုးချိန်ကာလအတွင်း အခက်အခဲဖြစ်ပေါ် နေသော ဒေသခံတောင်သူများ၏ မိုးစပါးထွန်ယက်ခြင်းလုပ်ငန်းများနှင့် နွေစပါး ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လယ်ယာသုံး စက်ကိရိယာများကိုလည်း စျေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရေးတို့ အတွက်လည်း အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Oct 01,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀  နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက်ခဲ့သည်။
ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကလေးနှင့်မိခင်များအားပုံမှန်ကာကွယ်ဆေးတိုက် ဆေးထိုးပေးခြင်း ဆက်လက်ဆောင်ရွက်
Oct 01,2021
ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကလေးနှင့်မိခင်များအားပုံမှန်ကာကွယ်ဆေးတိုက် ဆေးထိုးပေးခြင်းကို စက်တင်ဘာလကုန်ရက်နှင့် အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက အဆိုပါဌာန စုဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ
Oct 01,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများ ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကျောက်တော်မြို့နယ် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ တိုက်ပွဲရှောင်များကူညီထောက်ပံ့ရေးနှင့် မြို့နယ်ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Oct 01,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ စက်တင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းက  ကျောက်တော်မြို့နယ် လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ တိုက်ပွဲရှောင်များကူညီထောက်ပံ့ရေးနှင့်  မြို့နယ်ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ရေစကြိုမြို့နယ်တွင် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါးသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Oct 01,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်  ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ထောက်ပံ့ ပစ္စည်းများကို အောက်စီဂျင်အခမဲ့ လူမှုကူညီရေးအသင်းမှ ရေစကြိုမြို့နယ်အတွင်း ရပ်ကွက်(၈)ခုရှိ တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆင်းရဲ နွမ်းပါးသူများအား စက်တင်ဘာ ၃၀ရက် နံနက်၉နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာဦးစီးဌာနမှ  အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးသွားမည်
Oct 01,2021
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ များကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့်အလမ်း များ ရရှိလာစေရန် ရည်ရွယ်၍ မကွေးတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အလယ် တန်း၊ အထက်တန်း ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ရာ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်များထောက်ပံ့
Oct 01,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်များထောက်ပံ့ခြင်းကို   ယနေ့၊ နံနက်ပိုးက မြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနမှတစ်ဆင့်  ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက နေအိမ်များအရောက် ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။