မကွေးခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ မကွေးမြို့ ကမ်းနားလမ်း ညဈေး ဆောက်လုပ်နေမှုနှင့် အဝေးပြေး ကုန်တင်၊ ကုန်ချယာဉ်ရပ်နားစခန်းတွင် ကုန်တင်/ကုန်ချ ပြုလုပ်နေမှုများအား ကြည့်ရှုစစ်ဆေး

မကွေး အောက်တိုဘာ ၅

မကွေးခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းက မကွေးမြို့ ကမ်းနားလမ်းတွင် ညဈေးဆောက်လုပ်နေမှု အခြေအနေနှင့် ကုန်တင် ကားကြီးကွင်းအတွင်း အဝေးပြေးကုန်တင်၊ ကုန်ချယာဉ်ရပ်နားစခန်းတွင်  ကုန်တင်/ကုန်ချ ပြုလုပ်နေမှု များအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မကွေးခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် အဖွဲ့ဝင်များသည် မကွေးမြို့ ကမ်းနားလမ်းတွင် ညဈေး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ အဆိုပါညဈေးကို မကွေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ၂၉.၆.၂၀၂၁ ရက်နေ့မှစတင်၍ ခန့်မှန်းတန်ဖိုး (၁၂၀၀)သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ရေးတို့အား မှာကြား ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မကွေးခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မကွေးမြို့၊ အဝေးပြေး ကုန်တင်/ကုန်ချ ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိပြီး အဝေးပြေးကုန်တင်/ကုန်ချ ယာဉ်ရပ်နားစခန်းတွင်  ကုန်တင် မော်တော်ယာဉ်များ ကုန်တင်/ကုန်ချ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ကုန်စည်စီးဆင်းမှု ကြံ့ကြာမှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် ရှင်းလင်း မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)