ပေါင် ဇူလိုင် ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ညနေပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဒေါ်နှင်းစုလှိုင်၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးရန် မြောင်းများကို ကြိုတင်တူးဖော်ထားခြင်း၊ အမှိုက်များပိတ်ဆို့နေမှုအား ကြိုတင်ရှင်းလင်းထားခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စုပေါင်းသန့်ရှင်းရေး မကြာခဏပြုလုပ်ခြင်း၊ မြို့တွင်းလမ်းများ ရေနုတ်မြောင်းများ အမှိုက်များမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)