တနင်္သာရီ အောက်တိုဘာလ ၁၅
မေး။ ။မင်္ဂလာပါခင်ဗျား။ နာမည်နဲ့ရာထူး/တာဝန်ကို ဦးစွာမိတ်ဆက်ပေးပါ။
ဖြေ။ ။ကျနော်ကတော့ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဋ္ဌာနမှဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမင်းသန်းထိုက်စိုး ဖြစ်ပါတယ်။ မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှာအတွင်းရေးမှူးတာဝန်ကို ပူးတွဲ တာဝန် ထမ်းဆောင်နေပါတယ်။
မေး။ ။ မြို့နယ်အတွင်းကျောင်းများမှအသက်(၁၂)နှစ်အထက်ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်မှုအဆင့်ဆင့်ကို သိပါရစေ။
ဖြေ ။ ။ ပထမဆုံး၂၀၂၁ခုနှစ်၊အောက်တိုဘာ(၇)ရက်က မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အစီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်းတို့က မြို့နယ်မီးသတ်ဦးစီးဋ္ဌာနရုံးအစည်းအဝေး ခန်းမထဲမှာအသက် (၁၂) နှစ်နှင့် အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အောင်မြင်အေးချမ်းစွာ ထိုးနှံ ပေးရေးနဲ့လုံခြုံရေး ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။နောက် အောက်တိုဘာလ(၈)ရက်နေ့ မှာကျတော့ ကျနော်တို့မြို့နယ်ထဲက အထက်တန်း /အလယ်တန်းကျောင်းအုပ်ကြီးတွေနဲ့ကျောင်း အကျိုးဆောင်တွေနဲ့ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမထဲမှာ ထပ်မံတွေ့ ဆုံကြပြီး ဆေးထိုးတဲ့အခါ ကျောင်းတွေနဲ့ကျောင်း သားတွေကို လွှမ်းခြုံနိုင်အောင်လို့ ကျောင်းအုပ်စု တွေခွဲပြီး ဆေးထိုးနှံရေး ညှိနှိုင်းဆွေး နွေးခဲ့ကြပါတယ်။ ကျောင်းသားတွေ စာရင်းမှန်ကန်ဖို့ အတွက် မြို့နယ်ပညာရေးဋ္ဌာနကတာဝန်ယူပေးမှာပါ။ ကာ ကွယ်ဆေးတွေ မြိတ်မြို့မှတစ်ဆင့် သွားရောက် သယ်ယူဖို့နဲ့ဆေးထိုးပေးဖို့အတွက်ကိုတော့ မြို့နယ်ကျန်းမာရေးဦးစီးဋ္ဌာနက မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းကတာဝန်ယူစီစဉ်ပေးမှာဖြစ်ပြီး၊ လုံခြုံရေး ကဏ္ဍကျ တော့နယ်မြေခံတပ်နဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များက တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
မေး ။ ။ အုပ်စုခွဲပြီးဆေးထိုးနှံဖို့ ညှိနှိုင်းကြတယ်ဆိုတော့ ဘယ်လိုအုပ်စုခွဲပါသလဲ သိပါရစေ။
ဖြေ ။ ။ ကျနော်တို့ တနင်္သာရီမြို့နယ်ထဲမှာ ကျောင်းသူ/သားတွေကို ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံနိုင်အောင်ထိုးနှံပေး ဖို့အတွက် အထက်တန်းကျောင်းတွေနဲအထက(ခွဲ)ကျောင်း တွေကို ဗဟိုပြုပြီး အနီးဝန်းကျင်ကျောင်းများမှကျောင်းသားတွေ သွားလာမှု အဆင်ပြေစေဖို့ရည်ရွယ်ကာ ဆေးထိုးကျောင်းအုပ်စု(၅)စုခွဲပြီးထိုးပေးဖို့ သတ်မှတ်လိုက်ပါတယ် ။အုပ်စု(၁)အနေနဲ့ အထက-တနင်္သာရီ၊ အုပ်စု(၂) အထက-မော်တုန်း၊ အုပ်စု(၃)အထက-ညောင်ပင်ကွင်း၊ အုပ်စု(၄)အထက-တကူကျောင်းနဲ့ အုပ်စု(၅)အထက(ခွဲ)မောတောင်ဆိုပြီး အုပ်စု(၅)စုဖြစ်ပါတယ်။
မေး ။ ။ အခု ပထမအကြိမ်၊ကာကွယ်ဆေးထိုးနှံပေးမဲ့ ကျောင်းနဲ့ကျောင်းသားဦးရေကို သိပါရစေ။
ဖြေ ။ ။ ဒီမြို့နယ်ထဲမှာ အထကကျောင်း(၆)ကျောင်း၊ အထက(ခွဲ)(၈)ကျောင်း၊ အလယ်တန်းက (၈)ကျောင်း၊ အလက(ခွဲ) (၁၂)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၂)ကျောင်း ဆိုတော့ စုစုပေါင်း (၄၆)ကျောင်းရှိတယ်။ ကျေ,င်းအပ်နှံထားတဲ့ ကျောင်းသား/ သူဦးရေ(၃၉၆၃)ဦးကို ဦးစားပေးထိုးနှံ ပေးဖို့ စာရင်းရရှိပြီးပါပြီ။
မေး ။ ။ အခုလိုကျောင်းသား/သူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးတဲ့ အဓိကရည် ရွယ်ချက်တွေကို သိချင်ပါတယ်။
ဖြေ ။ ။နိုင်ငံတော်ရဲ့အစီအစဉ်နဲ့အခြေခံပညာအလယ်တန်းနှင့်အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံ ပေးခြင်းဖြင့် ကျောင်းသား/သူမျာ့းပညာသင်ယူခွင့် အခွင့် အလမ်းများရရှိလာစေရန်နဲ့အခြေခံ ပညာကျောင်းသား/ သူများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွါးမှု၊ သေဆုံး မှု ကိုလျော့ချရန်နှင့် ကျောင်းသား/သူများမှတစ်ဆင့် မိသားစု၏ ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှုကို တားဆီးရန်..စတဲ့ရည်ရွယ်ချက် တွေပဲ ဖြစ်ပါတယ်။
မေး ။ ။ ကျောင်းသားတွေကို ထိုးပေးမဲ့ဆေးအမျိုးစားနဲ့ဆေးထိုးမဲ့ နေ့ရက်လဲ သိချင်ပါတယ်။
ဖြေ ။ ။ ကျောင်းသား/သူတွေကို ထိုးနှံပေးမဲ့ဆေးကတော့ တရုတ်နို်ငငံထုတ် (Sinovac) ဆေးလို့သိရပါတယ်။ ကျနော်တို့မြို့နယ် ထဲက ဆေးထိုးစုရပ်(၅)ခုစလုံးမှာ အောက်တိုဘာလ(၁၆) ရက်နေ့ မှာ (ပထမ)အကြိမ်အဖြစ် တစ်ပြိုင်ထဲ စတင်ထိုးနှံပေးမှာဖြစ်ပြီး၊ နောက်ထပ် ရက်သတ္တပတ်(၄) ပတ်ကြာရင် (ဒုတိယ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
မေး ။ ။ ကျောင်းသားတစ်ဦး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံဖို့အတွက် ဘာအချက်တွေလိုအပ်ပါသလဲ။
ဖြေ ။ ။ ကျောင်းသားတစ်ဦးရဲ့ကျောင်းဝင်မှတ်ပုံတင်စာရင်းမွေးသက္ကရာဇ်အရ(၁၂)နှစ်ပြည့်ရပါမယ်၊ လက်ရှိ(၂၀၂၁-၂၀၂၂)ခု ပညာသင်နှစ်မှာ ကျောင်းအပ်နှံထားပြီးသူကို ပထမဦးစားပေးဖြစ် ပါတယ်။ နောက်တစ်ခုက ကာကွယ်ဆေးထိုးဖို့အတွက် ကျောင်းသား/သူတွေရဲ့ မိဘ(သို့)အုပ်ထိန်း သူတစ်ဦးဦးက သဘောတူကြောင်း လက်မှတ်ထိုးပေးရပါမယ်။ အဲဒီသဘောတူကြောင်း လက်မှတ် မထိုးပေးရင် ဆေးထိုးပေးမှာမဟုတ်ပါဘူး။
မေး ။ ။ ဒီလိုကာကွယ်ဆေးထိုးမဲ့အကြောင်း ကျောင်းသားတွေ၊ ကျောင်းသားမိဘနဲ့ အုပ်ထိန်းသူတွေ သိရှိအောင် ဘယ်လို ဆောင်ရွက်ထားရှိပါလဲ။
ဖြေ ။ ။ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ/မများနဲ့ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး မြေစိုက်ပိုစတာစိုက်ထူအသိပေးခြင်း၊ အသံချဲ့စက်များနဲ့လှည့်လည် ကြေညာ နှိုးဆော်ပေးတာတွေ အဆက်မပြတ်ပြု လုပ်ပေး နေပါတယ်။ ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား/ သူတွေကိုလဲ သက်ဆိုင်ရာကျောင်းအုပ်/ဆရာ/မများက တစ်ဆင့် ကျောင်း သားများ/ ကျောင်းသားမိဘများထံ ဆေးထိုးနှံရမဲ့နေ့ရက်/အချိန် စလစ်စာရွက် ကို ကြိုတင်ဝေငှပေးထားဖို့ အစီအစဉ်ရှိပါတယ်။
မေး ။ ။ ကာကွယ်ဆေးထိုးကြမဲ့ ကျောင်းသူ/သားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန်ကန်အောင် ဘယ်လိုစီစဉ်ထားရှိပါသလဲ။
ဖြေ ။ ။ အဲဒါအတွက် ဆေးထိုးအုပ်စုကျောင်း(၅)ကျောင်းက ကြီးကြပ်ရေးမှူးဆရာကြီး/ဆရာမ ကြီးတွေနဲ့ ကျောင်းတွေက ကွန်ပျူတာစာရေးများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေး ဆောင်ရွက်မည့်စီမံချက်နှင့် VMIS စနစ်သို့ ဖြည့်သွင်းခြင်း ဆိုင်ရာ Excel Dataဖြည့်သွင်းရာမှာ လိုက်နာရမည့်အချက်များနဲ့နည်းလမ်းများကို အောက်တိုဘာလ(၁၀)ရက်က မြို့နယ် ပညာရေးမှူး ရုံး အစည်းအဝေးခန်းမထဲမှာ ကျနော်ကိုယ်တိုင် သင်တန်း တစ်ရက်ပေးပြီး လက်တွေ့လေ့ကျင့် ပေးခဲ့ပြီးပါပြီ။
မေး ။ ။ ဒီလိုကာကွယ်ဆေးထိုးတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ပေးမဲ့အဖွဲ့တွေကို သိချင်ပါတယ်။
ဖြေ ။ ။ အခြေခံပညာကျောင်းအုပ်ကြီးများ ဆရာ/မများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ကျောင်းအကျိုးဆောင်အဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေက ပူးပေါင်းကူညီကြမှာပါ။
မေး ။ ။ ကျောင်းသားတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် အတွင်းရေးမှူးအနေနဲ့ ပီတိစကားလေး ပြောပေး ပါအုံး။
ဖြေ ။ ။ ကိုဗစ်-၁၉ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် ကျနော်တို့နိုင်ငံမှာ ကျောင်းတွေ ပိတ်တာ(၁)နှစ်ခွဲကျော်ကြာပြီဆိုတော့ ကျောင်းသားတွေအတွက်ရော နိုင်ငံတော်အတွက်ပါ အလွန် ဘဲ နစ်နာလှပါတယ်။ အခုအခါမှာ အသက်(၁၂)နှစ်အထက် ကျောင်းသားသား/သူ တွေကို ဦးစားပေးကာကွယ်ဆေးထိုးနှံပေးပြီးရင် ကျောင်းတွေလဲ ပြန်လည်ဖွင့်လှစ်မယ်ဆိုတော့ လုံခြုံစွာ ပညာသင်ယူခွင့် ရတော့မယ်လေ။ အတိုင်းမသိကို ဝမ်းသာမိပါတယ်။ကျောင်းသားတွေ ပျော်ပျော် ရွှင်ရွှင်နဲ့ ကျောင်းပြန် တက်တာ တွေ ပြန်မြင်ရတော့မှာ ဆိုဆိုတော့ တကယ့်ကို အရမ်းဝမ်းသာ မိပါတယ်။
မေး ။ ။ အတွင်းရေးမှူးအနေတဲ့ အခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါအုံးခင်ဗျာ့။
ဖြေ ။ ။ နောင်တစ်ချိန်မှာ နိုင်ငံအတွက်အကျိုးပြုမဲ့ ကျောင်းသား/သူတွေအနေနဲ့ ဒီကိုဗစ်ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံပြီးရင် ကျောင်းတွေမှာ စိတ်ချလုံခြုံစွာ ပညာသင်ယူ ခွင့်ရရှိ မှာဖြစ်တယ်။ ဆရာ/မတွေကလဲ အကြိမ်ပြည့်ထိုးပြီးပြီဆိုတော့ သင်ကြားသူရော ကျောင်းသူ/ ကျောင်းသားတွေပါ စိတ်ပူစရာမလိုတော့ဘူး လုံခြုံစွာကျန်းမာရေးအတွက် စိတ်ချလက်ချ ရှေ့ခရီး ဆက်သွားနိုင်မှာဖြစ်တဲ့အတွက် အားလုံးအတွက် ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် ကျောင်းသား/ သူတွေရော ကျောင်းသားမိဘများ အုပ်ထိန်းသူများကလဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြဘ့်ထိုးနှံပေးနိုင်ဖို့ ပူးပေါင်းပါဝင်ခြင်းဖြင့်ကူညီပေးကြပါလို့ ပန်ကြားလိုပါတယ်။ ဒီ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးလဲ အမြန်ဆုံးပျောက်ကင်းကြပါစေလို့လဲ ဆုတောင်းမေတ္တာပို့သအပ်ပါ တယ်။
ကျေးဇူးတင်ပါတယ်။
နန်းသာရီ-ထိန်ဝင်း