မြစ်သား အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရုပ်သံကျွမ်း ကျင်-၃) ဒေါ်မြမြမွန်က လူကုန် ကူးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာ ကွယ်ရေး ဥပဒေကို ၂၀၀၅ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် စတင်ပြဌာန်းခဲ့ပြီး နှစ်စဉ် စက်တင် ဘာလ ၁၃ရက်ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ် ခဲ့ကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပထမဆုံးလုပ်ငန်းသည် ပြည့်တန်ဆာလုပ်ငန်းများကို တားမြစ် သွားရေးပင် ဖြစ်ကြောင်း၊ လူကုန်ကူးမှုသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လျက်ရှိသောကြောင့် အစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ် ရေး အသိပညာပေး လုပ်ငန်းများနှင့်ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းပြောကြားပြီး ၊ မြို့နယ်အမျိုး သမီး ရေးရာအဖွဲ့(အတွင်းရေးရေးမှူး)ဒေါ်ထွန်းထွန်းမော်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ရည်ရွယ် ချက်များ၊ လူကုန်ကူး ခံရသည့် အကြောင်းအရာများ၊ လူကုန်ကူးရောင်းဝယ်မှု အခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေနှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ပြဌာန်းထားသည့် ဥပဒေများနှင့် ပြစ်ဒဏ်များ အကြောင်း၊ လူကုန်ကူးမှု ဖြစ်ပွားရခြင်း အကြောင်းတရားများကို ကျိုးကြောင်းဆီလျော်စွာ စီမံဆောင်ရွက် သွားမည်ဆိုပါက လူကုန်ကူးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင် မည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေး ပြောကြားသည်။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း(၂၀၀)ကျော် ရှိရာတွင် တစ်နှစ်လျှင်(၂၀၂)သန်းကျော် လူကုန်ကူးမှု ခံရကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် မှစတင်၍ လူကုန်ကူးမှုများပြားလာကြောင်း သိရှိရသည်။
မြမြမွန်(မြစ်သား)