နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယသုတ် (ဒုတိယအကြိမ်) ဆေးထိုးနှံ ပြီးသူ (၈၃၀)ဦးရှိ

နတ်မောက်   အောက်တိုဘာ   ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယသုတ် (ဒုတိယအကြိမ်) အတွက် ကာကွယ်ဆေးအလုံးရေ (၂၁၄၀)လုံး ရရှိပြီး ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ယမန်နေ့နံနက်ပိုင်း က စတင်ထိုးနှံပေးခဲ့ရာကာကွယ်ဆေး ထိုးနှံပြီးသူ (၈၃၀) ဦးရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးသည့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် (၄၁၀) ဦး၊ ရွှေပန်းတောကျေးရွာ တိုက်နယ်ဆေးရုံတွင် (၃၀၅) ဦး၊ ဖန်ခါးစန်းကျေးရွာတိုက်နယ်ဆေးရုံတွင် (၂၀)ဦး၊ စိုင်ကောင်းကျေးရွာ ..က ကျောင်းတွင် (၉၅)ဦး စုစုပေါင်း (၈၃၀)ဦး တို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကဆေးထိုး လာရောက်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

လှဝင်း