ဝါးခယ်မ၊ အောက်တိုဘာ ၁၅
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နံနက်(၉)နာရီက ဝါးခယ်မမြို့နယ် ရွှေခယ် သီရိအားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား(ပထမအကြိမ်) ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစားကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးပေးခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စောသန္တာဦး