မိုင်းခတ် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်တွင် ဒေသခံပြည်သူများစာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့်စာပေဖတ်ရှုခြင်းမှ ရရှိသောစာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာအောင်သစ် ရေးသားသော "မိမိဘဝမိမိထူထောင်အောင်မြင်ရေး" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများသိရှိစေရန် အတွက်ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်းတစ်ဦးနှင့် တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ရှိစေရန်အတွက်စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့၀င်မြို့နယ် စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွဲ့က“တိကျသော ရည်ရွယ်ချက်”ခေါင်းစဉ်အားလည်းကောင်း၊ စာပေဝါသနာရှင်ဦးမာကုက “မိတ်ကောင်းဆွေကောင်း”ခေါင်းစဉ်အားလည်းကောင်း၊စာပေဝါသနာရှင်ဒေါ်ကေဂျာနူးက“ပျော်ရွှင်ကျန်းမာကောင်းကျိုးဖြာ”ခေါင်းစဉ်အားလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မိုးဒေပြန်/ဆက်