သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ်(ဒုတိယအကြိမ်) စတင် ထိုးနှံပေး

သရက်     အောက်တိုဘာ   ၁၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ် စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ  ဒုတိယအသုတ် (ဒုတိယအကြိမ်) ကို ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် စုရပ်နေရာ () ခုခွဲ၍ ယနေ့နံနက် နာရီက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။     

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ် () နေရာဖြစ်သော  ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာအုပ်စု၊ တလပါးကျေးရွာအုပ်စု၊ အလပ်လယ် ကျေးရွာအုပ်စုနှင့် ဘော်ကျေးရွာအုပ်စုများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်ဆရာဝန်ကြီး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကူညီဆောင်ရွက် ပေးလျက်ရှိသည်။ သရက်မြို့နယ်၌  ဒုတိယအသုတ်ထိုးနှံရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (၂၃၀၀) လုံး ထပ်မံရရှိခဲ့ပြီး ပထမအကြိမ်ထိုးနှံပြီးထားသည့် (၁၁၅၀၀) ဦးအား ဒုတိယအကြိမ်အဖြင့် ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇော်ထက်(သရက်)