တံတားဦး ၊ အောက်တိုဘာ ၁၅
တံတားဦးမြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးထံတွေ့ဆုံမေးမြန်းခဲ့ပါတယ် -
မေး ။ ။ မင်္ဂလာပါဆရာကြီးခင်ဗျာ ၊ ဆရာကြီးရဲ့အမည်နဲ့ရာထူးတာဝန်ကို သိပါရစေခင်ဗျာ ။
ဖြေ။ ။ကျွန်တော်နာမည်ကတော ဦးကျော်ကျော်မွန်ဖြစ်ပြီး မြို့နယ်ပညာရေးမှူး တာဝန်ကို ထမ်းဆောင် နေပါတယ် ။
မေး ။ ။ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အထက်တန်း ၊ အလယ်တန်းကျောင်းတွေမှာရှိတဲ့ အသက်(၁၂)နှစ် အထက် ကျောင်းသား ၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို သိပါရစေခင်ဗျာ ။
ဖြေ ။ ။ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ၊ မြို့နယ် ကျန်မာရေးဦးစီးဌာနတို့ တိုင်ပင်ဆွေးနွေးပြီး မြို့နယ်အတွင်းရှိ အထက ၊ အထက(ခွဲ) ၊ အလက ၊ အလက(ခွဲ) ၊ မူလွန်ကျောင်းများမှ ကျောင်းအုပ်ကြီးများကို အစည်းအဝေးခေါ်ယူပြီး အသက်(၁၂)နှစ်အထက် ကျောင်းသား ၊ ကျောင်းသူများ စာရင်းပြုစုပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံ ပြုစုပေးပို့ပါတယ် ။
မေး ။ ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့ အကျုံးဝင်တဲ့ကျောင်းသား၊ကျောင်းသူအရေအတွက် နှင့်ဆေးထိုးစုရပ် ဘယ်လောက်ရှိတယ်ဆိုတာ သိပါရစေခင်ဗျာ ။
ဖြေ။ ။ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့ အကျုံးဝင်တဲ့အထက်တန်းကျောင်းသား၊ကျောင်းသူဦးရေ (၈၁၅)ဦး ၊ အလယ်တန်း ကျောင်းသား ၊ ကျောင်းသူဦးရေ (၂၆၉၃)ဦး ၊ စုစုပေါင်း (၃၅၀၇) ဦး ရှိပြီး ဆေးထိုးစုရပ်အနေကတော့ (၄)နေရာရှိပါတယ် ။
မေး ။ ။ အဲ့ဒီဆေးထိုးစုရပ်(၄)နေရာက ဘယ်ကျောင်းတွေလဲဆိုတာ သိပါရစေခင်ဗျာ ။
ဖြေ ။ ။ ဆေးထိုးစုရပ်(၄)နေရာကတော့ အထကတံတားဦး ၊ အထကချောင်းခွ ၊ အထကတောင်ပြုံး ၊ အထက(ခွဲ)တပယ်တို့ဖြစ်ပါတယ် ။
မေး ။ ။ ကာကွယ်ဆေးထိုးနှံပေးဖို့ အများသိရှိအောင် ဘယ်လိုဆောင်ရွက်ထားပါသလဲခင်ဗျာ ။
ဖြေ ။ ။ ကိုဗစ်ကာကွယ်ဆေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာတွေကို ကျောင်းအလိုက် တပ်ဆင်ပြီးလက်ကမ်း စာစောင်များ ကိုဖြန့်ဝေထားပြီးဖြစ်ပါတယ်။ရပ်ကွက်/ကျေးရွာတွေမျာလဲ အသံချဲ့စက်နဲ့လှည့်လည် ကြေညာထားပြီးဖြစ်ပါတယ် ။
မေး ။ ။ ကာကွယ်ဆေးထိုးတဲ့အခါမှာ ဘယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါသလဲခင်ဗျာ ။
ဖြေ ။ ။ ကာကွယ်ဆေးထိုးနှံတဲ့အခါမှာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ စေတနာ့ရှင်လူမှုရေးအသင်းအဖွဲ့များ ၊အရန်မီး သတ်တပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ် ။
မေး ။ ။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်နဲ့ပတ်သက်ပြီးတော့ဆရာကြီးရဲ့ ပီတိစကား သံကို ကြားပါရစေခင်ဗျာ ။
ဖြေ ။ ။ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား၊ကေျာင်းသူတွေရဲ့ ပညာသင်ယူခွင့် အခွင့်အလမ်း တွေ ရရှိမှာဖြစ်ပါတယ် ၊ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားအောင်လဲ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ် ။ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူရမှာဖြစ်တဲ့အတွက် ကျွန်တော့အနေနဲ့ အထူးဝမ်းသာပီတိဖြစ်မိပါတယ် ။အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ။
တွေ့ဆုံမေးမြန်းသူ။ဘိုမောင်
သတင်း ။ရဲတင့် (တံတားဦး)