ကျိန္တလီ အောက်တိုဘာ ၇
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆဌမနေ့ဆက်လက်ထိုး နှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ ယနေ့နံနက် ၉ နာရီအချိန်မှညနေ(၃) နာရီအချိန်ထိ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၄၅)နှစ် အထက် ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးဖြိုးဝေလင်း ၊ ကျိန္တလီမြို့ကျန်းမာရေးဦး စီးဌာနမှ ဒေါက်တာအောင်ခင်ထွေးတို့၏ကြီးကြပ်မှုဖြင့် ရောက်ရှိလာသောပြည်သူများအား လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်/ကျေးရွာများမှ ကာကွယ် ဆေးထိုးနှံ ရန်ရောက်ရှိလာသော အသက်(၄၅)နှစ်အထက်ပြည်သူများကို အမှတ်စဉ်နံပါတ်များပေး အပ်ထားပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာနေရာသို့ တစ်ယောက်ချင်း အမှတ်စဉ် နံပါတ်များအားခေါ်ယူပြီး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ဆက်လက်၍ ကျိန္တလီနယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များကဆေးလာ ရောက် ထိုးနှံသူများအား ကူညီလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ အသက် (၄၅)နှစ်အထက်ပြည်သူ(၁၃၈)ဦး ၊ ဘာရေးခေါင်းဆောင်(၁)ဦး ၊ နိုင်ငံ့ဝန်ထမ်း(၁)ဦး ၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၅)ဦး ၊ ဈေးသည်(၁၇၈)ဦး ၊ စေတနာ့ဝန်ထမ်း(၂၆)ဦး ပြည်သူစုစုပေါင်း (၃၄၉)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ ကြောင်းသိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)