မိုင်းရယ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက ဟိုယကျေးရွာအုပ်စု၊ အထက(ခွဲ) ကျောင်းတွင် ဟိုယကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးရာ လားရှိုးခရိုင်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးကျော်မော်ထွန်းနှင့်အဖွဲ့ဝင်များက လာရောက် ကြည့်ရှု စစ်ဆေးပါသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွန်ကြားရေး မှူး ဦးကျော်မော်ထွန်းက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မန်ဖျက်ကျေးရွာအုပ်စုအတွက် အိမ်ထောင်စုလူဦးရေစာရင်း(၅၅)စောင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၆၈)ကတ်နှင့် နောင်မိုကျေးရွာအုပ်စုအတွက် အိမ်ထောင်စုလူဦးရေစာရင်း(၆၀)စောင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၈၁)ကတ်တို့အား သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပါသည်။
မိုင်းရယ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေး ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ ဟိုယကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၆၀)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၂)ကတ် ပြုလုပ်ပေးနိုင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်ဇင်ထိုက်