ပန်ဆောင် အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေး ငွေများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းက ထုတ်ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ပန်ဆောင်မြို့အတွင်း ရှိ အထက်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ် (၆၀)ဦး၊ အလယ်ရပ်ကွက်မှ ကိုယ်ဝန် ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ် (၅)ဦးနှင့် အောက်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးသူငယ်(၁၅)ဦး၊ စုစုပေါင်း (၈၀)ဦးတို့အား တစ်ဦးလျှင် (တစ်သောင်းခွဲကျပ်)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၂)သိန်းတိတိကို ပေးအပ်ခဲ့ရာ အဆိုပါ ထောက်ပံ့ကြေးငွေများကို ပန်ဆောင်မြို့၊ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်မှ အုပ်ချုပ်ရေးမှုးများက လက်ခံရ ယူခဲ့ကြောင်းသိရသည်။
ဂျာယော်(ပန်ဆောင်)