လေရှီးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှကိုယ်ဝန် ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များ အား ထောက်ပံ့ကြေးပေးအပ်

လေရှီး  အောက်တိုဘာ  ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အမှုထမ်းရပ်ကွက်၊ အုပ်ချုပ်ရေး   မှူးရုံး၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ အရင်စာရင်း ပေါက်ထားသည့် ကိုယ်ဝန် ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား  ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလ (၁)လစာ အတွက် ထောက်ပံ့ကြေးများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ ရပ်ကျေးစာရေးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ သားဖွား ဆရာမများက တာဝန်ယူ ဆောင်ရွက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

 

အဆိုပါထောက်ပံ့ကြေးများကို လေရှီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ် လူဦးရေ စုစုပေါင်း(၁၀၁၃)ဦးအတွက် တစ်ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်း ဖြင့်  စုစုပေါင်း ငွေကျပ် (၁၅၁၉၅၀၀၀)အား ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်းထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဌေး၏ ပြောကြားချက်အရသိရသည်။

 

ဆိုင်းသား(လေရှီး)