တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေးအတွက် အလှူငွေများ ဆက်လက် လှူဒါန်း

တံတားဦး အောက်တိုဘာ  

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှ မြို့နယ် လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေး ကော်မတီများနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ယနေ့နံနက်ပိုင်းက ဆက်လက်လှူဒါန်းကြကြောင်း သိရသည်။

မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှာ တံတားဦးမြို့နယ် တပယ်ကျေးရွာ အုပ်စုမှ (၁၂၁၀၀၀၀)ကျပ်၊ သိန္နီကန်ကျေးရွာအုပ်စုမှ (၁၅၀၀၀၀)ကျပ်၊ လိန်ကုန်း ကျေးရွာအုပ်စုမှ (၃၀၀၀၀)ကျပ်၊ ထန်းပေါက်ကုန်းကျေးရွာအုပ်စုမှ (၃၀၀၀၀)ကျပ်၊ ပြူကန်ကျေးရွာ အုပ်စုမှ (၃၀၀၀၀)ကျပ်၊ ဇီးပင်ကွေ့ကျေးရွာအုပ်စုမ ှ(၂၁၅၀၀၀)ကျပ်၊ မြင်စိုင်းကျေးရွာ အုပ်စုမှ(၄၆၅၅၀၀)ကျပ်၊ တောင်ပြုံး ကျေးရွာအုပ်စုမှ (၂၉၃၀၀၀)ကျပ်၊ သားများဘကျေးရွာအုပ်စုမှ (၃၀၅၀၀၀)ကျပ်ထနောင်းကိုင်းကျေးရွာအုပ်စုမှ (၅၉၅၀၀၀)ကျပ်၊ မြင်းသည်ကျေးရွာအုပ်စု မှ(၁၀၀၀၀၀)ကျပ်၊ ဝမ်းသာကုန်းကျေးရွာအုပ်စုမှ (၁၀၀၀၀၀)ကျပ်၊ စပါးတွင်းကျေးရွာအုပ်စုမှ (၇၀၀၀၀)၊ ထောက်ရစ် ကျေးရွာအုပ်စုမှ (၄၀၄၅၀၀)နှင့် နွားခြံကြီးကုန်းကျေးရွာအုပ်စုမှ (၇၀၀၀၀) ကျပ်တို့ကို အသီးသီး ပေးအပ်လှူဒါန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ကြသည်။

တံတားဦးမြို့နယ်လုံးဆိုင်ရာ အလှူရှင်များမှ လှူဒါန်းသည့် အများပြည်သူပိုင် အောက်ဆီဂျင်စက်ကို တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်၊ သုခိတ ကမ္ဘောဇဗိမာန်တွင် တည်ဆောက်မည်ဖြစ်ကြောင်း၊   အောက်ဆီဂျင်စက်မှ တစ်နေ့လျှင်  (၄၀)လီတာအိုး အလုံး(၈၀) ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(တံတားဦး)