ရေတာရှည် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်အဖြစ် ဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင် ဦးတင်မောင်နိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးတို့က ယနေ့မနက်ပိုင်းက ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၁၁၅၄၃) ဦးအား အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍ ဆေးထိုးအဖွဲ့ ၅ဖွဲ့ဖြင့် စုရပ် (၅)နေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးဆု