တနင်္သာရီ အောက်တိုဘာလ ၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုအရ မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်သည် မောတောင်မြို့နယ်စပ်ရဲစခန်းမှ ရဲအုပ်မင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ မောတောင်မြို့(၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာသီဟအောင်နှင့်ဆရာမများ၊ မြို့မရပ်ကွက်ဈေးကော်မတီ ဦးဇော်ရွှေ တို့လိုက်ပါလျက် ယနေ့ နံနက်၇နာရီ ၃၀အချိန်က မောတောင်မြို့ မြို့မရပ်ကွက်၊ မြို့မဈေး အတွင်းနှင့်ဈေးအရှေ့နေရာတို့တွင် နေအိမ်ပြင်ပထွက်ခွါသွားလာနေသူများ၊ ဈေးသွားဈေးလာ များအား မဖြစ်မနေ(Mask) တပ်ဆင်ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း၊ အသိပညာပေးခြင်းဖြင့် Mask Campaign ပြုလုပ်ကြောင်း သိရှိရသည်။
ဆက်လက်၍ မောတောင်မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် နံနက်၉:၄၀နာရီ အချိန်တွင် မောတောင်မြို့ ပြည်ထောင်စုလမ်းမကြီး နာရီစင်လမ်းဆုံနေရာတွင်လည်း လမ်းသွား/လမ်းလာ များနှင့်ခရီးသွားပြည်သူများအား စနစ်တကျ Mask တပ်ဆင်သွားလာရေး အသိပညာပေး၍ Mask အခု(၁၀၀)အခမဲ့ဝေငှပေးပြီး Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)