သာစည် အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သည့် ပြည်သူများကို ပထမ အကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ဦးစားပေး အုပ်စုအလိုက် သာစည်မြို့နယ် စည်ပင်ခန်းမ၌ ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်း များက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေးတစ်လုံးလျင် (၅)ဦးနှုန်းဖြင့် ပထမအကြိမ် မထိုးနှံရသေး သည့် ပြည်သူ (၃၆၀)ဦး၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေး (ပထမအကြိမ်) ထိုးနှံထားရှိပြီး အကြောင်း အမျိုးမျိုး ကြောင့် (ဒုတိယအကြိမ်) ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူ( ၁၅) ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် Sinopharm ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၂၇၆၈၄)ဦး၊ Sinopharm ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ (၆၄၀၀)ဦး၊ Sinovac ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၆၃၁၄)ဦး၊ Sinovac ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသ (၂၀၃၇)ဦး၊ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၄၂၄၃၅) ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ရရှိမှုအပေါ် မူတည်၍ ဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)