ထန်းတပင်မြိုနယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၄၈)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄)ကျောင်းတို့မှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းက အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်ကျောင်းတွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ညိှနှိုင်း အစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်က ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ပြင်ဆင်ထားရှိ အခြေအနေများကို တက်ရောက်လာကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက မိမိတို့ကျောင်းများ၏ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည် မြင့်တို့ ပြန်လည်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်