တွေ့ဆုံမေးမြန်းသူ - ဒေါ်ကေသွယ်ဟန်
ဦးမျိုးမောင်မောင်ကျော်
ဓာတ်ပုံ- ဦးစည်သူလွင်
မေး။ ဆရာမရဲ့ အမည်နဲ့ တာဝန်ယူထားတဲ့အပိုင်းကို သိပါရစေရှင့်။
ဖြေ။ ကျွန်မက ဒုတိယတိုင်းပြည်သူ့ကျန်းမာရေးမှူး တာဝန်ယူဆောင်ရွက်နေတဲ့ ဒေါက်တာမွန်မွန်မြင့် ဖြစ်ပါတယ်။
မေး။ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေကို သိပါရ စေရှင့်။
ဖြေ။ ပြင်ဆင်ဆောင်ရွက်မှု အနေနဲ့ဆိုရင် ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခေါင်းဆောင်ပြီး မြို့နယ်အလိုက်ဆေးထိုးမည့် အဖွဲ့တွေဖွဲ့တယ်။ အဲဒီလို ဖွဲ့တဲ့အခါမှာ ဆေးထိုးအဖွဲ့အနေနဲ့ တိုင်းဒေသကြီး တစ်ခုလုံးမှာဆိုရင် ဆေးထိုးအဖွဲ့ (၁၆၈)ဖွဲ့ နဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ဆေးထိုးပေးဖို့ စီစဉ်ဆောင်ရွက် နေပါတယ်။
မေး။ အသက်(၁၂)နှစ်အထက်ကျောင်းသား/သူတွေကိုထိုးမည့်ဆေးအမျိုးအစားကိုလည်းသိပါ ရစေရှင့်။
ဖြေ။ အသက်(၁၂)နှစ်အထက်ဆိုပေမဲ့ ဆေးကတော့ Sinovaic ဆေးဖြစ်ပါတယ်၊ ဆေးတ ွေရောက်တာနဲ့ ပြည်နယ်နှင့်တိုင်းတွေအရောက် ဆက်လက်ဖြန့်ဝေပေးပို့မယ်လို့ သိရပါ တယ်။
မေး။ ကာကွယ်ဆေးထိုးနှံပေးမယ့် ကျောင်းသား/သူဦးရေ အရေအတွက်အတိုင်း တစ်ကြိမ်တည်း ရောက်မှာလား၊ ဒါမှမဟုတ် အကြိမ်ခွဲပြီး ရောက်မလားဆိုတာ သိပါရစေရှင့်။
ဖြေ။ မကွေးတိုင်းအနေနဲ့ ကာကွယ်ဆေးထိုးပေးမယ့် ကျောင်းသား/သူ ဦးရေ(၁)သိန်း (၁)သောင်း ပတ်ဝန်းကျင်ရှိပါတယ်။ စာရင်းအတိုင်း ဆေးရဖို့ရှိပါတယ်။ တစ်ပြိုင်နက်ထဲ ကာကွယ်ဆေး ထိုးနှံ ပေးဖို့လည်း စီမံဆောင်ရွက်နေပါတယ်။
မေး။ ဆရာမအနေနဲ့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံတာနဲ့ပတ်သက်ပြီး ကျန်းမာရေးရှု့ထောင့်ကနေ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောကြားပေးပါဦး။
ဖြေ။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးထားရင် ကျောင်းသား/သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ ပညာ သင်ကြားလို့ရတာပေါ့။ နောက်ပြီးတော့ ကိုဗစ်ကာကွယ်ဆေးထိုးတာက မမှားဘူးပေါ့။ ကိုယ့် အတွက် ကောင်းကျိုးပဲရှိပါတယ်။ ကိုဗစ် တတိယလှိုင်းမှာဆိုရင်လည်း ကာကွယ်ဆေး ထိုးပြီး သားသူတွေက ရောဂါပြင်းပြင်းထန်ထန်မခံစားရဘူးလေ လက်တွေ့မြင်ရပါတယ်။ ကျောင်းသား/သူ တွေအနေနဲ့လည်း အခွင့်အရေးရတဲ့ အချိန်လေးမှာ ကိုဗစ်ကာကွယ်ဆေးထိုးကြပါလို့ တိုက်တွန်း ချင်ပါတယ်။