ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုရပ်(၅)နေရာတွင် ဆက်လက်ထိုးနှံပေး

ရန်ကုန် အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက်  သတ်မှတ်ထားသော ဦးတည်အုပ်စုများအား  ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဆေးထိုး စုရပ်(၅)နေရာတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။  

ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် သံဃာတော်များ၊ သီလရှင်များ၊ အသက် ၅၅ နှစ် အထက် ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့် အလုပ် သမားများ၊  ဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအနေဖြင့် Sinpharm(Phase1) ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၅၃၁၉ ဦးနှင့်  ဒုတိယအကြိမ်လာရောက် ထိုးနှံပြီးသူ ၅၀၉၄ ဦးတို့အား အောင်မြင်စွာ ဆေးထိုးနှံနိုင်ခဲ့ပြီး၊  စက်တင်ဘာလ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၇ ရက်နေ့အထိ Sinpharm (Phase2) ပထမအကြိမ်  ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၄၂၅၃  ဦးရှိကြောင်း၊ ဆက်လက်၍ အသက်အုပ်စုနှင့် ဦးတည်အုပ်စုအလိုက် သတ်မှတ်ပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေး လျက်ရှိကြောင်း  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

လက်ရှိအချိန်၌ ဆေးထိုးစုရပ်များအနေဖြင့် တပင်ရွှေထီးရပ်ကွက်ရှိ အထက(၄) ကျောင်း ၊ ၁၁/၁၄ ရပ်ကွက်ရှိ အလက ၄ ကျောင်း၊ ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၊  မြို့နယ်ပြည်သူဆေးရုံနှင့် ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း  စသည့်  ဆေးထိုးစုရပ် (၅) နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပူပေါင်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

နိုင်လင်းကျော်(IPRD)