ချောင်းဆုံ အောက်တိုဘာ ၈
မော်လမြိုင်ခရို်င ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်သေဆုံးသူ လျော့နည်းကျဆင်း လာသည်နှင့်အမျှ ရောဂါဖြစ်ပွားမှု တားဆီးထိန်းချုပ် လျော့နည်းပပျောက် သွားစေရန်အတွက် မြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့နှင့်အတူ ပြည်သူများ ပူးပေါင်းပါဝင်လာခြင်းကြောင့် ဆေးထိုးစုရပ်(၁၅) နေရာတွင်ကာကွယ်ဆေးများကို ယနေ့တွင်လည်း ဆက်လက်ထိုးနှံ လျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ကျန်းမာရေး ဝန်ထမ်းများ နှင့်အတူ ပူးပေါင်းပြီး ဦးစားပေးဦးတည် အုပ်စု (၂၃)ခုအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ(၇)ရက်နေ့အထိ ဆေးထိုးပြီးသူ (၃၈၉၂၂)ဦး ရှိပြီးဖြစ်ကြောင်း ယခုပထမအကြိမ် ဆေးထိုးနှံပေးပြီးသူများကိုလည်း (၂၈)ရက်ကြာလျှင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်တွင် တစ်မြို့နယ်လုံး အနေနှင့် ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု ရာခိုင်နှုန်း ၃၀ ကျော်သာ ရှိသေးကြောင်း ကျန်မာရေး ဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)