မောက်မယ် အောက်တိုဘာ ၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင် ပပျောက်နိုင်ရေးအတွက် အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ပထမအကြိမ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၊ ဒုတိယအကြိမ်ကို နိုဝင်ဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့အထိ၊ အကြောင်း အမျိုးမျိုးကြောင့် နောက်ကျသောကျောင်းသား/ကျောင်းသူများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ တွင် သက်ဆိုင်ရာအခြေခံပညာကျောင်းများ၏ ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှဆရာ/ဆရာမများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က လိုက်ပါဝင်ကူညီဆောင်ရွက် ပေးမည် ဖြစ်ကြောင်း မောက်မယ်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)