ပွင့်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ  အောက်တိုဘာ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက်ရှိသော ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် အခြေခံပညာကျောင်းများရှိ အသက်(၁၂) နှစ်အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးစာရင်း ပြုစုခြင်း လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး က မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံရမည့် အသက် (၁၂)နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများစာရင်း ပြုစုထားရှိမှုများနှင့် ဆေးထိုးစုရပ်ကျောင်းများအလိုက် ဆရာ၊ ဆရာမများ တာဝန်ပေး ဆောင်ရွက်ထားမှုများကို လည်းကောင်း၊ ဌာနဆိုင်ရာများက ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအောင်မြင်စွာ ထိုးနှံပြီးစီးရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ က ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပွင့်ဖြူမြို့(..က) ရှောက်တော ကျေးရွာ(..က) ကုန်းဇောင်းကျေးရွာ(..က) ကျောင်းတော်ရာကျေးရွာ(..က) မဲဇလီကျေးရွာ(..က) လယ်ကိုင်းကျေးရွာ(..က) ထနောင်းကုန်းကျေးရွာ (..က) စုစုပေါင်း ဆေးထိုးစုရပ်()နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)