ရေတာရှည် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း သတ်မှတ်ပေးသည့် ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စက်သုံးဆီအရောင်းဆိုင်အား တောင်ငူခရိုင် စာသုံးသူရေးရာဦးစီးဌာနနှင့် ရေတာရှည်မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေး အဖွဲ့တို့ ပူးပေါင်း၍ အောက်တိုဘာလ ၈ ရက်နေ့က ကွင်းဆင်း စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း စက်သုံးဆီဆိုင်များအနက် နိုင်ငံတော်က သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးပြီး ရေတာရှည်မြို့နယ်အတွင်း ပြန်လည်ရောင်းချပေးရန် ထပ်တိုးရောင်းချ ခွင့်ပြုသည့် Petro K စက်သုံးဆီအရောင်းဆိုင်အား ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေးနှင့် ချိန်တွယ်မှု မှန်ကန်စေရန်အတွက် ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
အေးဆု