ကလေး​မြို့၌ စစ်ကိုင်းတိုင်း​ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများ တွေ့ဆုံပွဲကျင်းပ

ကလေး ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ စစ်ကိုင်းတိုင်း​ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ကလေးမြို့၊ မြို့သာရပ်ကွက် ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ စစ်ကိုင်းတိုင်း​ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမင်းမင်းဇေယျာမြင့်က လွှတ်တော်ဆိုင်ရာဆောင်ရွက်နေမှုများ၊ စစ်ကိုင်းတိုင်း​ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနှင့် ဦးတင်မောင်မြင့်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည်များနှင့် ပတ်သက်သည်များကို ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများက လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ စစ်ကိုင်းတိုင်း​ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)