နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

နမ့်စန်()   ဒီဇင်ဘာ     ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း  အသိပညာပေးခြင်း အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှုအစီအစဉ်များကို Online မှတစ်ဆင့် ပြည်သူများထံ အသိပညာပေး ဆောင်ရွက်လျက်ရှိရာ မန်နေ့ မွန်းလွဲ နာရီ ခွဲက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဝန်ထမ်း ဒေါ်ချစ်ဖူးငုံ  တို့က မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးခံရခြင်းကြောင့်ရရှိသော ဆိုးကျိုးနှင့် ထိခိုက်မှုများနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေး ပြောကြားခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်