မက်မန်း ဒီဇင်ဘာလ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မက်မန်းမြို့ပေါ်ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းကို မက်မန်းမြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ပူးပေါင်း၍ မက်မန်းမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်ခွာပါက မဖြစ်မနေနှာခေါင်းစည်း Mask များ တပ်ဆင် သွားလာရန် လူစုလူဝေးရှောင်ရှားရန် တစ်ဦးနှင့်တစ်ဦး ၆ ပေခြားပြီးနေထိုင်ရန် မကြာခဏ လက်ဆေးရန် နေအိမ်ပြင်ပမှပြန်လာတိုင်း နှာခေါင်းစည်း Maskကိုစနစ်တကျ စွန့်ပစ်ရန်စသည့် ကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်ချက်များအား သိရှိလိုက်နာစေရေးအသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask များ တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ခြင်းနှင့် Mask တပ်ဆင်သွားလာရေး အသိပညာပေး အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး IPRD