ကွမ်းခြံကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(commnity  Centre)ခန်းမ၌(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း  ဒီဇင်ဘာ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန(community  centre) ခန်းမ၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီအရာရှိ (တာဝန်ပေး)က ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများအား ဟော ပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ပြသထားသည့်စာအုပ်များ၊ သုတရသစာပေများ၊ စာစောင်များနှင့် ကလေးများပျော်ရွှင်စေရန် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်