ငဖဲ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရင်းရှည်ကျေးရွာ ဘက်စုံသုံးခန်းမတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒု-လဝကမှူး ဦးအောင်ကိုလတ်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများအခမဲ့ ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး စနစ်တကျ မပျောက်ပျက်အောင်ကိုင်တွယ်ထိန်းသိမ်းအသုံးပြုရန် အသိပညာပေး ပြောကြားသည်။
ထို့နောက် ဒု-လဝကမှူး ဦးအောင်ကိုလတ် နှင့်ဝန်ထမ်းများက ရင်းရှည်ကျေးရွာမှ နိုင်ငံသားစိစစ် ရေး ကတ်ပြားမပြုလုပ်ရသေးသူ ၆(က) ၇ ဦး၊ ၃(က)ပြုလုပ်သူ ၁၀ဦး၊ အသစ်လဲလှယ်သူ (၂၁)ဦး နှင့် မိတ္တူ ပြုလုပ်သူ (၈ )ဦး စုစုပေါင်းပြည်သူ ( ၄၆ )ဦးအား အထောက်အထားများစိစစ်ကာ ပြုလုပ် ဆောင်ရွက်ပေးခဲ့ သည်။
ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်ပေးခြင်းကို ၂၀၂၁ခုနှစ်၊မေလ (၃)ရက်နေ့ မှ စ၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ အိမ်ထောင်စု စာရင်း ပြုလုပ်သူ (၂၇၁)စုအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံ တင်ပြုလုပ်သူ ၆(က) (၂၄၇) ဦး၊ အသက်(၁၀)နှစ်ပြည့်မှတ်ပုံတင် ပြုလုပ်သူ ၃(က) (၁၉၂)ဦး၊ အသစ်လဲလှယ်သူ ( ၄၅၁ )ဦး နှင့် ပျောက်ဆုံး/ပျက်စီးမိတ္တူပြုလုပ်သူ ( ၃၄၇ )ဦး စုစုပေါင်း ပြည်သူ (၁၂၃၇)ဦးအား ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)