ဘောဂလိ ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ပြသ လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက် ထားခဲ့သည်။
ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အလွယ်တကူ ဖတ်ရှုလေ့လာပြီး သိရှိဖို့လိုအပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည် ဖော်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် မှတ်တမ်းဓာတ်ပုံများနှင့် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံ ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက် ထားကြောင်း သိရသည်။
ဘောဂလိ (ပြန်/ဆက်)