အုတ်ဖိုမြို့တွင် မီးသတ်စွမ်းရည် ပြည့်ဝစေရေး လေ့ကျင့်မှုများဆောင်ရွက်

အုတ်ဖို ဒီဇင်ဘာ ၁၈

ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် အုတ်ဖိုမြို့နယ် မီးသတ်ဦးစီးဌာနတွင်  ယမန်နေ့ ည ၇ နာရီ အချိန်က မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ရေးလုပ်ငန်းများကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ စတင်၍ နေ့စဉ် ည ၇ နာရီမှ ၉ နာရီအထိ ဆောင်ရွက်လျက်ရှိပြီး လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ မီးလောင်ပြင်တွင် ပိုက်ခေါင်းပိုက်လိပ် လျင်မြန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် တပ်ဖွဲ့ဝင်များ လျင်မြန်ဖြတ်လက်စေရန်၊ သက်လုံကောင်းစေရန် အဓိကထား ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်ထံမှ သိရသည်။

အောင်သူ(အုတ်ဖို)