မိုင်းလုံမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းလုံ ဒီဇင်ဘာလ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁ဝ) နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ဆောင်ရွက်ပြီး မိုင်းလုံမြို့နေ ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် အားကစား ပြုလုပ်ခြင်းများဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ စည်းလုံညီညွတ်မှုကို အားကစားမှရရှိစေရန်၊ လွတ်လပ်ရေးနေ့ကို အမြဲအမှတ်ရနေစေရန်၊ ကလေးငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာယဉာဏစွမ်းရည်ပြိုင်ပွဲဝင်ကလေးများအား မုန့်များကျွေးမွေးဧည့်ခံ၍ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဇော်ဇော်(ပြန်/ဆက်)