တာချီလိတ်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ်ဏ္ဍာရေးနှစ် နိုင်လွန်ကတ္တရာခင်းခြင်းနှင့် လမ်းဘေးရေနုတ် မြောင်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်

တာချီလိတ်  ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လဘဏ္ဍာရေးနှစ် နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေး လမ်းဘေးရေနုတ်မြောင်းများ တူးဖော်​ခြင်းကို မြို့နယ်စည်ပင်သာယာ​ရေးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရှေ့မြို့ပတ်လမ်း၊ ကံ့ကော်လမ်းမှ 1G1 Hotel အထိ အရှည်(၁၆၂၅)ပေ၊ အကျယ်(၃၀)ပေ ရှိနိုင်လွန် ကတ္တရာလမ်းခင်းခြင်းနှင့် အရှည်(၁၈၃၅)ပေရှိ လမ်းဘေးရေနုတ်မြောင်းကို တူးဖော်ခြင်း ကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် တာဝန်ခံ အင်ဂျင်နီယာမှူးမှ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း​ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အရှေ့မြို့ပတ်လမ်း ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ကံ့ကော်လမ်းအထိ အရှည်(၃၃၃၀)ပေ၊ အကျယ်(၃၀)ပေကို ဆောင်ရွက်ခဲ့ပြီး၍ ကျန်ရှိနေသည့် အပိုင်းအား ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)