ဒေးဒရဲမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား မြေစိုက်နံရံကပ်ဘုတ်တွင် ခင်းကျင်းပြသ

ဒေးဒရဲ ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား အများပြည်သူ လေ့လာဖတ်ရှုနိုင်ရေး ယနေ့ နံနက်ပိုင်းက စတင်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ  လေ့လာဖတ်ရှုနိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတွက် လုပ်ငန်းများဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ၊  ဦးတည်ချက်(၉)ရပ်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာကို  အများပြည်သူ လေ့လာဖတ်ရှုနိုင်ရေး အသိပညာပေး ခင်းကျင်းပြသထားကြောင်း သိရသည်။

အေဇာလင်း