ပုသိမ် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက် ၁၀ ၃၀နာရီအချိန်က ပုသိမ်ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ကျင်းပသောလုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်းPPTT(၇/၂၀)မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနား၌ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် " ဆရာ၊ဆရာမများသည် လက်ဦးဆရာများဖြစ်၍ ဆရာ၊ဆရာမများ၏ အခန်းကသည် အရေးကြီးပါကြောင်း၊ ကျောင်းသား၊ လူငယ်များအနာဂတ်စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ရန် စေတနာ၊ ဝါသနာ၊ အနစ်နာနာသုံးနာကို အခြေခံ၍ ဂရုဏာထား၍ ကျောင်းသား၊ကျောင်းသူများကို သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အတူယူစရာ စံနမူနာပြများ ဖြစ်စေရေး ဆရာကျင့်ဝတ်နှင့်အညီ ပြုမှုနေထိုင်ကြရန်နှင့် ဆရာ၊ ဆရာမများသည်စာဖတ်နာ သူများဖြစ်စေရေး အတွက်စာပေကို မပြတ်လေ့လာကြစေလိုကြောင်း၊ မိမိတို့တာဝန်ကျရာဒေသများသို့ ရောက်ရှိသည့်အခါ သက်ဆိုင်ရာ ကျောင်းများ၏ အတန်းစဉ်ကူးပြောင်းမှုကို လေ့လာဆန်းစစ် ပေးကြစေလိုကြောင်း၊ တိုင်းဒေသကြီး အတွင်း ယခုအချိန်တွင် စာသင်ကျောင်းများ ဖွင့်လှစ်မှု၊ ပညာရေးဝန်ထမ်းများ၊ မွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင် သည့်ဆရာ၊ ဆရာမများ၊ ဝန်ထမ်းကောင်းများ ြစ်ရေးကြိုးစားသွားကြရန် "စသည်ဖြင့်ပြောကြားပါသည်။
ထို့နောက်ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းတက်ရောက်မည့်ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ကြေး ငွေကျပ်(၂၀)သိန်းနှင့်ကြက်ဥများအား ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းနိုင်ကလက်ခံရယူခဲ့သည်။ ယခုသင်တန်းသို့ ပုသိမ်ခရိုင်မှ(၃၁၅)ဦး၊ ဟင်္သာတခရိုင်မှ(၂၅၀)ဦး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်မှ(၁)ဦး၊ စုစုပေါင်း(၅၆၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာဒီဇင်ဘာ၂၃ ရက်နေ့မှ မတ်လ၄ရက်နေ့အထိ ရက်သတ္တပတ်(၁၁) ပတ်ကြာမြင့်မည်ဖြစ်သည်။
ယနေ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပညာရေးဒီကရီကောလိပ်များဖြစ်သည့် ပုသိမ်၌(၅၆၆)ဦး၊ မြောင်းမြ၌(၂၅၉)ဦး၊ ဘိုကလေး၌(၂၄၇)ဦး၊ စုစုပေါင်း ( ၁၀၇၂ )ဦး သင်တန်းတက်ရောက် လျက်ရှိကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)