မင်းဘူး ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် (VDP)စီမံကိန်းဖြင့် မြို့နယ်အ တွင်းရှိ ကျေးရွာ(၆)ရွာ၌ မြေသားလမ်းများကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် “မင်းဘူး(စကု)မြို့နယ် ကြီးပင်ကန်(၂) ကျေးရွာ၌ လမ်းအရှည် ပေ ၅၅၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မနှင့် အေးမြ၊ လက်ပံတပင်၊ ရေပုတ်၊ ကန်ရေ(၂)နှင့် ကုန်းသာကျေးရွာ တို့တွင် လမ်းအရှည် ပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုရခွင့်ပြု ရန်ပုံငွေဖြင့် ခြောက်လတာကာလအတွင်း (VDP)စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ် သိန်း(၁၀၀)ကို ခွင့်ပြုချထားပေးခဲ့ပြီး ပြည်သူ လူထုမှ ပူးပေါင်းထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းများကောင်းမွန်အောင် ပြည်သူလူထု ကိုယ်တိုင် စီမံခန့်ခွဲမှုဖြင့်ဆောင်ရွက်နိုင်ရန် ကျေးရွာအလိုက်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပြီး အဆိုပါဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်ခဲ့ကြောင်း” ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦး စီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက ပြောသည်။
အဆိုပါကျေးရွာများရှိ မြေသားလမ်းများကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ အပြင် လယ်/ယာထွက်ကုန်းများ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်ပြီး အသုံးပြု ဖြတ်သန်းသွား လာနိုင်တော့ မည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
မောင်မောင်(မင်းဘူး)